Pages

Pages

ဘုတလင်မြို့နယ်၌ NLD အစွန်းရောက် PDF အကြမ်းဖက်စခန်း ၁ ခုမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


MNP ၊ မေ ၁၁

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြိုနယ် ကံသာ ကျေးရွာအနီး၌ NLD အစွန်းရောက် PDF အကြမ်းဖက်စခန်း ၁ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များကတွေ့ရှိခဲ့ပြီး စခန်းအတွင်းမှ လက်နက်ခဲယမ်းများ  သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်စခန်း ၁ ခုအား တွေ့ရှိရာ အကြမ်းဖက်စခန်းမှ လက်လုပ်သေနတ် ၃၂ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လေသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၈ လုံး၊ ကျည်ကာ အင်္ကျီ(အနက်)  ၂ ထည်၊ ပြောက်ကျားယူနီဖောင်း၂ စုံ၊ ပြောက်ကျားဦးထုပ် ၁၀ လုံး၊ ဝါယာကြိုး ၂ ခွေ၊ လက်လုပ်ကျည် ၅၀ တောင့်၊ ဘက်ထရီ ၄ လုံး နှင့် ဆိုင်ကယ်၄ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment