Pages

Pages

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Online စနစ်ဖြင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

 




MNP - မေ   ၁၄


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ Online စနစ်ဖြင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အသိပညာပေး (Talk Show)ကို  ယမန်နေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။


ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒေါ်ချစ်ချစ်ပိုင် (ဒုတိယဦးစီးမှူး)က Online စနစ်ဖြင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အများပြည်သူအသိပညာပေး (Talk Show) ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။


ထို့နောက် နမ္မတူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှုး ဦးဝင်းကိုက ကြက်ခြေနီအသင်း၏ အစိတ်အပိုင်း (၃)ခု၊ အခြေခံမူ (၇)ချက်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ် (၃)ရပ်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ ပြည်သူ့အကျိုး ဆောင်ရွက်ပေးနေမှု များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းပြောကြား ခဲ့သည်။


အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများ ပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက် ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။


သတင်း - လူမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment