ထားဝယ်မြို့ရှိစက်ရုံနှင့်ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် လူသုံးကုန်/အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသောပစ္စည်းများ ရောင်းချမှုရှိ/မရှိ ကြည့်ရှု့စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့ရှိစက်ရုံနှင့်ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် လူသုံးကုန်/အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသောပစ္စည်းများ ရောင်းချမှုရှိ/မရှိ ကြည့်ရှု့စစ်ဆေး






MNP ၊ မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့သည်ထားဝယ်မြို့နယ်အစားအသောက်နှင့်ဆေးဝါး  ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ ရှိစက်ရုံနှင့်ကုန်စုံဆိုင်များတွင်အစားအသောက်နှင့်လူသုံးကုန်/အလှကုန်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှတင်ပြထားသောပစ္စည်းများရောင်းချမှုရှိ/မရှိ ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


ထို့နောက်တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူးဒေါ်မေသန်းနိုင်ဦးဆောင်သောပူးပေါင်းအဖွဲ့များ က ဆန်းချီရပ်ရှိ ccc ကုန်စုံဆိုင်နှင့်ကမြောကင်းလမ်းရှိ ဘောဂဝတီပွဲရုံတို့တွင်အစားအသောက်နှင့်လူသုံးကုန်/အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှတင်ပြထားသော ပစ္စည်း များ ရောင်းချမှုမရှိစေရေး ဆိုင်ပိုင်ရှင်နှင့်တာဝန်ခံများအား ခံဝန်ထိုးစေခဲ့သည်။ 


ထို့သို့ဆိုင်များတွင် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆိုင်ရှင်များနှင့်ဈေးဝယ်သူများအားကျန်းမာရေး ထိခိုက်စေသည့်ဆိုးဆေးနှင့်တာရှည်ခံဓာတုဆေး များ၊အန္တရာယ်ကင်းသောအစားအစာရရှိရေးအတွက်  အဓိကဆောင်ရွက်ရ မည့် အချက် ၅ချက်ပါဝင်သည့်လက်ကမ်းစာစောင် များဖြန့် ဝေပေးခဲ့ပြီး ဆိုင်များမှမက်မွန်သီးနှင့် မရမ်းယိုအစားအသောက် နမူနာ ( ၂ )မျိုးအား FDA(တိုင်းရုံး)တွင်ခွင့်မပြုဆိုးဆေးများပါဝင်ခြင်းရှိ/မရှိစစ်ဆေးလျက်ရှိ ကြောင်းသိရသည်။


ဆက်လက်၍ထားဝယ် မြို့တွင်းရှိသောက်ရေသန့်လုပ်ငန်းစက်ရုံများဖြစ်သည့် ဖြူသန့်၊ငွေကြယ်လင်း နှင့် မြင့်မိုဦး ရေသန့် စက်ရုံများအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့်ညီ/မညီ ရှောင်တခင်ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။


သတင်း - ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)