Pages

Pages

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၅သန်းနှင့် ဆေးထိုးအပ် ၂ သန်း ပထမအသုတ် ရောက်ရှိ



MNP ၊ မေ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းတို့အနက် ပထမအသုတ်အနေဖြင့်ပေးပို့သည့် Sinopharm ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ၅ သန်း doses နှင့် ဆေးထိုးအပ် ၂ သန်းတို့သည် ယနေ့ နံနက်ပိုင်းတွင် Sichun Airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

အဆိုပါ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ Mr. Tan Shufu (Economic and Commercial Counsellor)၊ Ms. Fan Yiyi(Third Secretary) တို့က လက်ခံရယူကြသည်။

ထို့ပြင် မေ ၁၉ ရက်တွင် ဆေးထိုးအပ် ၅ သန်းကိုလည်းကောင်း၊ မေ ၂၈ ရက် နှင့် ၂၉ ရက်တွင် ကျန်ရှိသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ၅ သန်း နှင့် ဆေးထိုးအပ်များကိုလည်းကောင်း ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း နှင့် ကာကွယ်ဆေးများအား Central Cold Room(CCR) သို့ပို့ဆောင်၍ အအေးလမ်း ကြောင်းမပျက်သိမ်းဆည်းထားရှိမည်ဖြစ်ပြီး ကာကွယ်ဆေးများကို အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment