ကျိုက်ထိုမြို့နယ်တွင် အန္တရာယ်နှင့်ပတ်သက်သော လုံခြုံစိတ်ချရသည့် အပြုအမူဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် အန္တရာယ်နှင့်ပတ်သက်သော လုံခြုံစိတ်ချရသည့် အပြုအမူဆိုင်ရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊ မေ ၁၂

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ တို့ပူးပေါင်းပြီး မေ(၁၂) ရက်နေ့ ၊ မွန်းလွဲပိုင်းက အန္တရာယ်နှင့်ပတ် သက်သော လုံခြုံစိတ်ချရသည့် အပြုအမူဆိုင်ရာ အသိပညာပေး  Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိ ပညာပေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးဆန်းဝင်းအောင်မှမြန်မာနိုင်ငံ ကြက်ခြေ နီအသင်း၏ရည်ရွယ်ချက်၊ ကြက်ခြေနီတပ်ဖွဲ့မှ ဆောင်ရွက်နေသောအန္တရာယ်နှင့်ပတ်သက်သောလုံခြုံစိတ်ချရသည့်အပြုအမူဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ဒုတိယ တပ်ဖွဲ့မှူးဦးသူရ‌အောင် မှ အသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှုများ ၊ဒေသဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို  အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။


သတင်း -  အေးယုဝေ(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)