ရေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

 


MNP - မေ  ၂၁


မုတ်သုံရာသီသို့ ချည်းနင်းဝင်ရောက်လာပြီဖြစ်၍ မိုးဦးအစတွင် ကလေးငယ်များ၌ အဓိကအဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် မဖြစ်ပွားစေရေးအတွက် ရေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့နံနက် ၁၁ နာရီအချိနက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက သွေးလွန်တုပ်ကွေးရောဂါစတင်ဖြစ်ပွားသည့် ခြင်အန္တရာယ်မှ ကာကွယ်ရေးအတွက် ကလေးငယ်များရှိသည့် အိမ်တိုင်းတွင် ပိုးလောက်လားကင်းစင်ရန် ဘုရားပန်းအိုးများကို ရေလှဲလှယ်ပေးခြင်း၊ ရေစည်၊ ရေအိုးများတွင်လည်း အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုသည့် စကား နှင့်အညီ မိခင်တိုင်းမှ လိုက်နာဆောင်ရွက်ကြရန်၊ ကလေးငယ်များအား နေ့လယ်အိပ်ချိန်များတွင်လည်း ခြင်ထောင်ဖြင့် သေချာစွာသိပ်ကြရန်၊ လာမည့်အပတ်တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းစစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမွန်မှ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု၊ သွေးလွန်တုပ်ကွေးဖြစ်ပွားနိုင်သည့် ကလေးများ၏အသက်အရွယ်၊ သွေလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလန့်သည့်လက္ခဏာများနှင့် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သိမ့်သိမ့်ရည်က ယခုလိုမိုးရာသီတွင် အဖြစ်အများဆုံး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဆေးပေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသကြရန်နှင့် ဆေးမြီးတို၊ စပ်ဆေးတို့ဖြင့် ကုသမပေးကြရန်နှင့် ပြည်သူများ သိသင့်သိထိုက်သည့် သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများနှင့် အသိပညာပေးလုပ်ငန်းများကို ယခုလို Talk Show များပြုလုပ်ပြီး Online မှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)