Pages

Pages

ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်


MNP ၊  မေ  ၁၈

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး  ဆွေးနွေးပွဲ  Talk Show  ကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပေါင်မြို့နယ်ရဲစခန်းမှ ရဲအုပ် သန့်ဇင်စိုး က ပေါင်မြို့နယ်အတွင်းမှာရှိသည့် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအပြင် ဘိန်းစားရွက်များ မသောက်သုံးသင့်ကြောင်း အသက်(၁၈)နှစ်အောက်  ဆိုရင်ကလေးငယ်အဖြစ်သတ်မှတ်ထားကြောင်း  မူးယစ်ဆေးဝါးသောက်သုံးနေသည့်ဟု  သံသယရှိသော သူများအား သက်ဆိုင်ရာ ဆေးရုံမှာဆီးစစ်ပြီး ၎င်းနှင့်ထိုက်သင့်သော အပြစ်ဒဏ်များကိုချမှတ် နိုင်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ   ဦးကျော်စိုးအောင် က  မူးယစ်ဆေးဝါးနှင့်ပတ်ပတ်ပြီးရဲကဖမ်းဆီးထားသည်များကို ဥပဒေအရ ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း ၊အရွယ်မရောက်သေးသောကလေးများ  အပါအဝင် လူတိုင်းက မူးယစ်ဆေးဝါးကို  မသုံးစွဲသင့်ကြောင်း  မူးယစ်ဆေးဝါးသုံးစွဲမိသူတိုင်းက  အသက်အန္တရာယ်ထိခိုက် နိုင်ကြောင်း ဆွေးနွေးခဲ့ပ

ကြောင်းသိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment