Pages

Pages

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၈) မြို့နယ် U-19 အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

 



MNP - မေ  ၂၁


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အာကစားကွင်း၌ ယနေ့ညနေ ၄ နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၈) မြို့နယ် U-19 အမျိုးသားဘောလုံးပြိုင်ပွဲ ပြည်ဇုံ ( ၆) မြို့နယ်ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။


အဆိုပါ ပြိုင်ပွဲ၌ရှေးဦးစွာ ဘောလုံးအားကစားသမားများနှင့် ဒိုင်အဖွဲ့များ ကွင်းအတွင်းနေရာယူကြပြီး ပြည်ခရိုင်အား၊ ကာမှူးဒေါ်မြမြခိုင်နှင့် ဒိုင်အဖွဲ့က ဘောလုံးသမား စည်းကမ်းချက်များအား ပြောကြားသည်။


ယင်နောက်ပြည်ဇုံ (၆) မြို့နယ်မှ ပန်းတောင်းမြို့နယ်အသင်းနှင့် သဲကုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။


အဆိုပါ ဘောလုံပြိုင်ပွဲက ပြည်ခရိုင်အားကစားကွင်း၌ (၂၀.၅.၂၀၂၂) မှ (၇.၅.၂၀၂၂) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ခရိုင် အား/ကာရုံးမှ သိရသည်။


သတင်း - ကိုစိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment