Pages

Pages

USDP ပါတီ ပြည်ထောင်စုနယ်မြေပါတီ အစည်းအဝေးပြုလုပ်







MNP ၊ မေ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က  ပြည်ထောင်စုနယ်မြေပါတီ  အစည်းအဝေးကို ယနေ့ မေလ ၁၇ ရက်နေ့ နံနက်၉ နာရီခွဲအချိန်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းညွန့်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေး၊ ဦးစိုးနိုင်၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်၊  ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်မြို့နယ်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းညွန့်မှအမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦမြင့်လှိုင်မှ ဖြည့်စွက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများမှ မြို့နယ်အခြေအနေများ၊ ပါတီလုပ်ငန်းဆောင်ရွက်မှုများနင့်ပတ်သက်၍ တင်ပြဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များမှ ထပ်ဆင့်ဆွေးနွေးကြကြောင်း၊ ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ ပြည်ထောင်စုနယ်မြေကော်မတီဝင်များ၏ တင်ပြဆွေးချက်များ ခရိုင်နှင့် မြို့နယ်များ၏ ဆွေးနွေးတင်ပြချက်များအပေါ်  တစ်ဦးချင်း တစ်မြို့နယ်ချင်းအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ယမန်နေ့ (၁၆-၅-၂၀၂၂) ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုလုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံကြောင်းနှင့် ပြည်ပ စွက်ဖက်နှောက်ယှက်မှုများကို ကန့်ကွက်ရှုတ်ချပွဲ အခမ်းအနားကို ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင် ဦးဆောင်၍ ကျင်းပခဲ့သည်။


Photo - USDP

https://t.me/MyanmarNationalPost


No comments:

Post a Comment