Pages

Pages

မြောက်ဥက္ကလာပမြို့နယ်၌ မူလတန်းဆရာအသစ်ခန့် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်း ဖွင့်ပွဲကျင်းပ

 


MNP - ဇွန်   ၄


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မူလတန်းဆရာအသစ်ခန့် ဆရာ၊ ဆရာမများ၏ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က (ဆ)ရပ်ကွက် သုနန္ဒာလမ်းရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမြတ်ခရေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က ယနေ့သင်တန်းကို တက်ရောက်လာကြတဲ့ ဆရာဆရာမများအား ပညာရေးဌာနမှ ကြိုဆိုပါကြောင်း၊ ပညာရေးဌာန၏ အဓိကလိုက်နာ ရမည့် စိတ်ဓာတ်၊ စည်းကမ်းပညာကို အလေးထားလိုက်နာရမည်ဖြစ်ကြောင်း၊ ပညာရေး လုပ်ငန်းခွင်ကို ဝင်ရောက်လာတဲ့အခါမှာ သိသင့်သိထိုက်သည့် အခြခံမူများကို ရက်တိုသင်တန်းတွင် ထိရောက်စွာ သင်ကြားပေးမည်ဖြစ် ပါကြောင်း၊  ဆရာဖြစ်လာသည့်အခါ နာသုံးနာကို လက်ကိုင်ထားရမည်ဖြစ်ကြောင်းနှင့် အနာဂတ်ပညာရေး ကောင်းမွန်အောင် လက်ဆင့်ကမ်း အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် လုပ်ငန်းခွင်အကြို ရက်တိုတစ်ပတ် သင်တန်းကို ဇွန် (၄) ရက်မှ (၁၀) ရက်နေ့အထိ အထက်တန်း ကျောင်းအုပ်ဆရာ၊ ဆရာမနည်းပြ (၄) ဦးဖြင့် သင်တန်းသား/သူ (၃၆) ဦးအား တစ်ပတ်တိတိ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - လှလှထွေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment