သယ်ယူစရိတ်မြင့်တက်လာမှုကြောင့် ရင်ကွဲသရက်သီးရောင်းချမှု အမြတ်လျော့နည်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သယ်ယူစရိတ်မြင့်တက်လာမှုကြောင့် ရင်ကွဲသရက်သီးရောင်းချမှု အမြတ်လျော့နည်းလာ


 

MNP ၊  ဇွန် ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပတ်ဝန်းကျင်ကျေးရွာများမှ မအီမြို့သို့ လာရောက်ရောင်းချကြသည့် ရင်ကွဲသရက်သီးများမှာ သယ်ယူစရိတ်မြင့်တက်လာမှုကြောင့် သရက်သီးတင်ပို့သူများအနေဖြင့် မှန်းခြေမကိုက်ဘဲ အမြတ်ငွေလျော့နည်းလာကြောင်း သိရသည်။


အဆိုပါ  သယ်ယူစရိတ်မြင့်တက်မှုမှာ စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်နှစ်များက သရက်သီးအလုံးရေ(၁၀၀)ထည့်ထားတဲ့ပီနံတစ်အိတ်ကို အမြင့်ဆုံးပေးရရင်(၅၀၀)ကျပ်၊ အခု(၁၀၀၀)ဖြစ်သွားပြီ၊ ဇွန်လဆန်းကစပြီး သရက်သီးတွေလှိုင်လှိုင်ပေါလာတော့ ပေါ်ခါစကလို ဈေးကောင်းမရတော့ပါဘူး။ ရင်ကွဲသရက်သီး(၁၀၀)ကို လက်ကားဈေး(၅၀၀၀)ရပါတယ်။ လက်လီဈေးက (၁၀၀၀)ဖိုးမှာ (၅)လုံးရောင်းရပါတယ်။ ကိုယ့်အတွက် အရင်ကလို အမြတ်ငွေမကျန်တော့ကြောင်း၊ ရင်ကွဲသရက်သီး တစ်ဧကကို အလုံးရေ(၇၀၀၀)ခန့်ထွက်ရှိပါကြောင်း၊ မအီမြို့နယ်တွင် အညင်းတောင်၊ လက်ပံ၊ ဆံထုံး၊ သဒွန်၊ ဝက်ရ၊ ချက်ဖောက်၊ ကုန်ဘောင် စသည့်ကျေးရွာများက စိုက်ပျိုးကြ၍ ခန့်မှန်းဧက(၃၀)ခန့်ရှိမည်ဖြစ်ကြောင်း၊ ရင်ကွဲသရက်သီများကို  မေလဆန်းပိုင်းမှစတင်၍ မအီမြို့၊ တောင်ကုတ်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ တင်ပို့ရောင်းချကြကြောင်း မအီမြို့သို့ သရက်သီးလာရောက်ရောင်းချသူ တောင်သူများက သိရသည်။ 


ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝ မသားစုများ ကိုယ်တိုင်စိုက်ပျိုးစားသုံးမှုများ တိုးမြှင့်လာကြစေရန် လိုအပ်သည့် ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် နှစ်ရှည်ပျိုးပင်များကို တောင်သူများသို့ အားပေးကူညီ ဖြန့်ဝေပေးလျက်ရှိရာ မအီမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မအီချောင်းရေကိုတင်၍လည်းကောင်း၊ မြေအောက်ရေတူးဖော်၍လည်းကောင်း စိုက်ပျိုးရေးလုပ်ငန်းများကို ယခင်ကထက် တိုးချဲ့ဆောင်ရွက်လာကြကြောင်း မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)