Pages

Pages

ငပလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား


MNP ၊ ဇွန် ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင်   ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက်   အခြေခံပညာ ကျောင်းများကိုယနေ့ နံနက်ပိုင်းမှစတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ငပလီမြို့အတွင်းရှိ အထက်တန်း၊အလယ်တန်း၊ မူလတန်းကျောင်းများနှင့်ဘုန်းတော်ကြီးပညာသင်ကျောင်းများကို ယနေ့ ဇွန်လ(၂)ရက်နေ့တွင်  စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာဆရာမများ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးကြပြီး ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို လည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြာင်း သိရသည်။


သန်းနု(ငပလီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment