Pages

Pages

ကျောက်ဖြူမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ






MNP ၊  ဇွန်  ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးလက်ကမ်းစာစောင်များကို လူသွားလူလာများပြီး လူ စည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူးဦးဆောင်သည့်ဝန်ထမ်းများနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက လူသွားလူလာများသည့်နေရာများဖြစ်သော အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ရှေ့လမ်းမ တန်းတစ်လျှောက်နှင့် မြို့မဈေးကြီးရှေ့သို့သွားရောက်ကာ လမ်းသွား၊လမ်းလာပြည်သူများ၊ အငှားယာဉ်မောင်းနှင်နေသူများ၊ ဈေးရောင်း၊ဈေးဝယ်လာသူများနှင့် ဆိုင်ခန်းအသီးသီးတွင် ဈေး ရောင်းချနေသူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။ 

အဆိုပါလက်ကမ်းစာစောင်များမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှထုတ်ဝေသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ဖြစ်ပေါ်လာပုံ အသိပညာပေးလက်ကမ်းစာစောင်၊ ပတ်ဝန်းကျင်နှင့်ပလတ်စတစ်ညစ် ညမ်းမှုအန္တရာယ်များ အသိပညာပေးလက်ကမ်းစာစောင်နှင့် ကျွနုပ်တို့နေ့စဉ်ဘဝထဲမှ Microplastics စသည့် အသိပညာပေးလက်ကမ်းစာစာင်(၃)မျိုးကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ သည်။ 


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment