Pages

Pages

တောင်ပြိုလက်ဝဲမြို့တွင် တောဆင်ရိုင်းများဝင်ရောက်၍ နွားတင်းကုတ်ပျက်စီးပြီး နွားတချို့သေဆုံး





MNP - ဇွန်   ၁


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ယမန်နေ့ည (၁၁)နာရီ (၃၀)မိနစ် အချိန်ခန့်က တောဆင်ရိုင်းများ ဝင်ရောက်လာ၍ နွားတင်းကုတ်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။


အဆိုပါ တောဆင်ရိုင်းများသည် နွားတင်းကုတ်အတွင်းရှိ နွား(၂၇)ကောင်အား အစွယ်ဖြင့် ထိုးခြင်း ခြေထောက်ဖြင့်နင်းခြင်းများ ပြုလုပ်ခဲ့ရာ နွားထီးငယ် (၁)ကောင်၊ နွားမငယ် (၃)ကောင်၊ နွားထီးကြီး (၁)ကောင်နှင့် နွားမကြီး (၁)ကောင် စုစုပေါင်း နွား (၆)ကောင် သေဆုံးခဲ့ပြီး နွား (၄)ကောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။


သတင်း - သိန်းနိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment