Pages

Pages

အရေးတော်ပုံ အောင်ရမည် ဟု လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်လှုံ့ဆော်သူ အမျိုးသမီးကို ဖမ်းဆီးရမိ


MNP ၊ ဇွန် ၉

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှ မသီတာဌေး ဆိုသူ အမျိုးသမီးသည် သူ၏ လူမှုကွန်ရက် စာမျက်နှာမှ လက်သုံးချောင်းထောင်ကာ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးလှုံ့ဆော်ခဲ့သဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်လှုံ့ဆော် အမျိုးသမီးက မီးဖြတ်လည်း ဖယောင်းတိုင်နဲ့နေမယ် ဆိုပြီး လက်သုံးချောင်းထောင်ကာ အရေးတော်ပုံအောင်ရမည်၊ အရေးတော်ပုံနိုင်ကို နိုင်ရမည် ဟု ရုပ်သံရိုက်ကူးပြီး လူမှုကွန်ရက်စာမျက်နှာပေါ် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ ဖွဲ့စည်းထားသော CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ ဝါဒဖြန့် လှုံ့ဆော်မှုများကို ထပ်ဆင့်လှုံ့ဆော်ဖြန့်ဝေသူများအား ဖေဖော်ဝါရီလ ၂၅  ရက်နေ့မှ စတင်ဖော်ထုတ် စိစစ်အရေးယူခဲ့ခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment