နိကာယ်စာမေးပွဲ (ဝိဒူတန်း) စတင်ဖြေဆိုနေမှုအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိကာယ်စာမေးပွဲ (ဝိဒူတန်း) စတင်ဖြေဆိုနေမှုအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ကြည့်ရှုအားပေး



MNP - ဇွန်   ၈


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်သော ၁၃၈၄-ခုနှစ် (၂၀၂၂)ခုနှစ်၊ နိကာယ်စာမေးပွဲ(ဝိဒူတန်း) စတင်ဖြေဆိုနေမှု အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ၁၃၈၄-ခုနှစ် (၂၀၂၂)ခုနှစ်၊ နိကာယ်စာမေးပွဲ(ဝိဒူတန်း) ကျင်းပရေး ကြီးကြပ်ရေးဆရာတော်များအား ဖူးမြှော်ကြည်ညို၍ စားမေးပွဲ ဖြေဆိုနေကြသော သံဃာတော်၊ သာမဏေများနှင့် သီလရှင်များအား ကြည့်ရှုအားပေးပြီး နိကာယ်စာမေးပွဲ (ဝိဒူတန်း) ကျင်းပရေးကော်မတီ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး နိကာယ်စာဖြေဌာန(၄)ဌာနတွင် ၁၃၈၄-ခုနှစ် (၂၀၂၂)ခုနှစ်၊ နိကာယ်စာမေးပွဲ(ဝိဒူတန်း)ကို ဇွန်လ (၇)ရက်နေ့မှစတင်၍ ဇွန်လ (၁၁) ရက်နေ့အထိ (၅)ရက်ကြာ သံဃာတော်၊ သာမဏေများနှင့် သီလရှင်များက ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) စာဖြေဌာနတွင် (၂၄၃၅)ပါး၊  မုံရွာမြို့ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ စာဖြေဌာနတွင် (၃၂၈) ပါး၊ ရွှေဘိုမြို့  ကျောင်းထိုင်ဘုန်ကြီးသင်တန်းကျောင်း ပုဗ္ဗာနယစာသင်ဆောင်အပေါ်ထပ် စာဖြေဌာနတွင် (၃၇)ပါး၊ ကလေးမြို့ ရွှေဘုံသာဘုရားကျောင်း ဓမ္မာရုံစာဖြေဌာနတွင် (၇၂)ပါး၊ စုစုပေါင်း သံဃာတော်၊ သာမဏေများနှင့် သီလရှင် (၂၈၇၂)ပါး ဖြေဆိုသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလင်းလင်းအောင်ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)