Pages

Pages

မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် ပေးလျှက်ရှိ



MNP ၊  ဇွန်  ၇

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇွန်လ ပထမအပတ်မှ စတင်ကာ ရပ်ကွက်ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာ များ နှင့်  မိခင် နှင့် ကလေး စောင့်ရှောက်ရေး အ သင်း အဖွဲ့ရုံး တို့တွင် ထိုးနှံ ပေးလျှက်ရှိကြောင်း သိရသည်။  

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာ ကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင် နှင့် အသက်(၂)နှစ်အောက် များအား  နှာခေါင်းစည်း များ စနစ်တကျ တပ် ဆင် စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်းများမှ  ရပ်ကွက် ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင် နှင့် အ သက် (၂) နှစ် အောက် ကလေးများ အား  အဆုတ်ရောဂါ ကာကွယ် ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင် ရောဂါ ကာ ကွယ် ဆေး၊ ဝမ်း ရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုး နှံပေး လျှက်ရှိကြောင်းသိရသည်။ 

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ကျန်းမာရေး ဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ် အသီးသီးတွင် ဇွန်လ ပထမအပတ်မှ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက် ကျွေးခြင်း များကို  ဆောင်ရွက် ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင် နှင့် ကလေး စောင့်ရှောက်ရေး အ သင်း အဖွဲ့ရုံး တွင် လည်း ထိုးနှံပေး လျက်ရှိကြောင်း  သိရသည်။


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment