Pages

Pages

အိမ်မဲမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသောသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်


MNP - ဇွန်   ၃


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသောသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂ ခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူမှာ အိမ်မဲမြို့နယ် ဘိုးလှော်ရိုးကျေးရွာအုပ်စု ငါးခုံးမဂယက် ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးခြင်းဖြစ်ကာ အဆိုပါသေဆုံးသွားသူ၏ မိသားစုဝင်အား မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံံ့ငွေ (၃၀၀၀၀၀) ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး အိမ်မဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှလည်း စောင်၊ ခြင်ထောင်နှင့်ပစ္စည်း (၁၁)မျိုးပါ Hygiene Parcel (၁)ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment