Pages

Pages

ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက် တနင်းဖလုံလမ်းမပေါ်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့်ပြီးစီး

 


MNP - ဇွန်    ၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများသွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်ပေးလျက်ရှိ ရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၉.၇၃၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံလမ်းမ‌တွင် ကွန်ကရစ်လမ်းဆောင်ရွက်ခြင်းလုပ်ငန်းကို မေလ ၂၃ ရက်‌နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေလ ၃၁ ရက်နေ့တွင် လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။


အဆိုပါပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်နှင့် ဝင်းဖရ‌ကျေးရွာအုပ်စု၊ တောင်ပလောင်ကျေးရွာ ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး အရှည် (၂၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယခုအခါ လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပြီးဖြစ်၍ မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေလွယ်ကူ‌‌စေပြီး ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီးဖြစ်ကြောင်း သိရှိရပါသည်။


သတင်း  - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment