Pages

Pages

ဇင်းကျိုက်မြို့တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာရရှိ

 





MNP ၊ ဇွန် ၃

သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုရပ်ကွက် နယ်မြေ(၃)၊ လှေဆိပ်အနီးတွင် ဒီကနေ့ နံနက် ၁၀ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်မှုကြောင့် အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

အသက် ၆၅ နှစ်အရွယ် ဒေါ်ငွေလုံး၏နေအိမ်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး လှေကားကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးဌာနမှ သိရသည်။

အဆိုပါမီးလောင်နေသည့်နေအိမ်ကို မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ရေသည်ယာဉ် ၃ စီးတို့နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သဖြင့် ၆ မိနစ်အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို ကပြောသည်။

မီးလောင်မှုကြောင့်  သွပ်မိုးအုတ်ကာ နှစ်ထပ်နေအိမ်၏ အိမ်အတွင်းလှေကာ မီးလောင်ကျွမ်းခဲ့ပြီး ငွေကျပ်တစ်သိန်းခွဲခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၏တွက်ချက်မှုအရ သိရသည်။

ထို့အပြင် နေအိမ်မီးလောင်နေစဉ် အိမ်ရှင် ဒေါ်ငွေလုံး၏ခန္ဓာကိုယ်အောက်ပိုင်း မီးလောင်အပူဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် နယ်ခံလူမှုကူညီရေးအဖွဲ့မှ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံကောင်စီအဖွဲ့ဥက္ကဌဦးသိုက်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များ၊တပ်မတော်သားများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများမှ လိုအပ်သော အကူအညီများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နေအိမ်မီးလောင်မှုနှင့်ပတ်သက်ပြီး အိမ်ရှင်ပိုင်ရှင်အား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment