Pages

Pages

ဆီဆိုင်မြို့နယ်၌ ကျေးရွာမြေငှားဂရန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ




MNP - ဇွန်   ၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးရွာမြေငှားဂရန် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ကျေးရွာမြေငှားဂရန်များကို ကျေးရွာနေပြည်သူများထံသို့ပေးအပ်ခဲ့သည်။ ထို့နောက် ကျေးရွာနေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment