Pages

Pages

အလုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၄၁.၅၉) ရာခိုင်နှုန်းရှိ



MNP - ဇွန်   ၁၇


၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  မြို့နယ်ပညာရေးမှူးရုံးနှင့် အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၄၁.၅၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


အလုံမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ (၁၁၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ (၄၇) ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၁.၅၉ ရာခိုင်နှုန်း၊ (၁)ဘာသာဂုဏ်ထူး (၁၀)ဦး၊ (၂)ဘာသာဂုဏ်ထူး (၄)ဦး၊ (၃)ဘာသာဂုဏ်ထူး (၂)ဦး၊ (၄) ဘာသာဂုဏ်ထူး(၂)ဦး၊ ရိုးရိုးအောင်မြင်သူ (၂၂) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


သတင်း - တင်တက်ချို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment