၂၀၂၂ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေး

 


MNP - ဇွန်   ၂၄


မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၁၈)နှစ်အောက်အမျိုးသား၊အမျိုးသမီးပြေးခုန်ပစ်အားကစားပြိုင်ပွဲများ၌ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများရွေး ချယ်ပြီး မြို့နယ်ပြည်သူ့အားကစားကွင်း၌ လေ့ကျင့်ပေးလျက်ရှိကြောင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။


ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပေးလျက်ရှိသော ကစားသမားများကို သာစည်မြို့ အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအ ထက်တန်းကျောင်းများမှ ရွေးချယ်ထားခြင်းဖြစ်ပြီး အားကစားသမားများရွေးချယ်ရာတွင် ပြိုင်ပွဲသတ်မှတ်စည်းကမ်းများနှင့်အညီဖြစ်စေရေး စိစစ်ရွေးချယ်ပြီး ရွေးချယ်ထားပြီးသော အားကစားသမားများအား နံနက်ပိုင်းတွင် တစ်ကြိမ်နှင့်ညနေပိုင်းတွင်တစ်ကြိမ်  တစ်နေ့လျှင်နှစ်ကြိမ် စနစ်တကျဖြင့် လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင်သာစည်မြို့နယ်မှပြေးခုန်ပစ်အားကစားနည်း၁၆မျိုးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)