Pages

Pages

မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ



MNP - ဇွန်   ၁၇


ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ကျန်းမာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နဲ့အညီ  ယနေ့ မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က (မြို့ပြင်)၊ အ.ထ.က (မြို့တွင်း)၊ အ.ထ.က (စစ်ကွင်း) ကျောင်းတို့တွင်  ကြေငြာ‌ကပ်ထား‌ ကြောင်း သိရသည်။


မင်းလှမြို့နယ်တွင် ၂၀၂၂ နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (မြို့ပြင်) စာစစ်ဌာန၊ အ.ထ.က (မြို့တွင်း) စာစစ်ဌာနနှင့် အ.ထ.က (စစ်ကွင်း) စာစစ်ဌာနတို့ ဖြင့်ဖွင့်လှစ်ကျင်းပခဲ့ပြီး ကျောင်းသား / ကျောင်းသူ (၇၀၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အနက် (၂၈၇) ဦးအောင်မြင်ခဲ့၍ ၊ ၄ ဘာသာ (၃) ဦး၊ ၃ ဘာသာ (၄) ဦး၊ ၂ ဘာသာ (၅) ဦး၊ ၁ ဘာသာ (၁၀၂) ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အွန်လိုင်းစနစ်ဖြင့် ဇွန်လ ၁၇ ရက်နေ့ နံနက်အချိန်က စတင်ထုတ်ပြန်ကြေညာထားခဲ့ပြီး၊ မင်းလှမြို့နယ်အ‌နေနဲ့ အောင်စာရင်း ကပ်ထားကြေငြာခြင်းကို ဇွန်လ ၁၇ ရက်နေ့ နံနက် (၆) မှ စတင်၍ ညနေ (၄) နာရီထိ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။


သတင်း - သန့်ဇင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment