Pages

Pages

စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး





MNP ၊ ဇွန်     ၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အခြေခံပညာကျောင်းများအလိုက် သတ်မှတ်စုရပ်နေရာများတွင် ယနေ့နံနက် (၉)နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။


စဉ့်ကူးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၄၀)ကျောင်းရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးများ ထိုးနှံပေးလျက်ရှိသည့် အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် နှင့်အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူး သော်တာထွန်း၊ ရဲမှူး သက်စိုး နှင့် ဦးထွန်းညွန့်ဦး ၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်သိန်းဦး နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ဆရာ/ဆရာမများက လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ 


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment