Pages

Pages

လားရှိုးမြို့ “ဝ”မိဘမဲ့ရိပ်သာ ရင်ခွင်ကလေးသူငယ်များအတွက် စားသောက်ဖွယ်ရာ နှင့် အလှူငွေများ ပေးအပ်လှူဒါန်း


MNP ၊ ဇွန် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ “ဝ”မိဘမဲ့ရိပ်သာ ရင်ခွင်ကလေးသူငယ် များအတွက် စားသောက်ဖွယ်ရာနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါမိဘမဲ့ရိပ်သာ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ “ဝ” နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မိဘမဲ့ရိပ်သာမှ အုပ်ချုပ်သူများနှင့် ကလေးငယ်များ တက် ရောက်ကြသည်။

ဦးစွာ “ဝ”နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆုတောင်း ကောင်းချီးပေးပြီး တိုင်းမှူးက အားပေးစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအတွက် လက်ဆောင်ပစ္စည်းများနှင့် “ဝ”မိဘမဲ့ရိပ်သာရှိ ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ၊ အလှူငွေများ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

၎င်းနောက် “ဝ”မိဘမဲ့ရိပ်သာရှိ ကလေးငယ်များ၊ ဆရာ၊ ဆရာမများ၊ “ဝ”နှစ် ခြင်းခရစ်ယာန်အဖွဲ့ချုပ်သာသနာခေါင်းဆောင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၄၅၀ ဦးတို့ကို လားရှိုးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment