ဂွမြို့နယ်တွင် မိုးရာသီကာလအတွင်း မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၊ စမ်းသပ်ကွက်စိုက် တောင်သူများနှင့် မိုးစပါးမျိုးစေ့ထုတ်လုပ်ကြမည့် ကျေးရွာများမှ တောင်သူများအား မျိုးစပါး မျိုးစေ့ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မိုးရာသီကာလအတွင်း မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၊ စမ်းသပ်ကွက်စိုက် တောင်သူများနှင့် မိုးစပါးမျိုးစေ့ထုတ်လုပ်ကြမည့် ကျေးရွာများမှ တောင်သူများအား မျိုးစပါး မျိုးစေ့ ထောက်ပံ့ပေးအပ်





MNP ၊ ဇွန် ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ -ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၊စမ်းသပ်ကွက် အထူးဇုံများတွင်  စိုက်ပျိုးထုတ်လုပ်ကြမည့် တောင်သူများနှင့် မိုးစပါးမျိုးစေ့ထုတ်လုပ်ကြမည့် ကျေးရွာများမှ တောင်သူများအား (RS)မိုးစပါး မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့  နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ သံတွဲခရိုင်၊စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်မိုးမြင့်က ဂွမြို့နယ် အတွင်းရှိ တောင်သူများအနေဖြင့် မိမိတို့၏ မြို့နယ်အတွင်းရှိ မျိုးကောင်းမျိုးသန့်စပါးများ လုံလုံလောက်လောက် စိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲသွားနိုင်ရေးအတွက် မျိုးစပါးများ ထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်းအဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အထွက်ကောင်းသည့် မျိုးသန့် စပါးများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် နည်းစနစ်တကျ ဖြင့် စိုက်ပျိုးသွားသင့်ကြောင်း ရှင်လင်းပြောကြားခဲ့သည်။ 

ထို့နောက် ဂွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက  မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး  ၂၀၂၂ -ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၊ စမ်းသပ်ကွက် အထူးဇုံများတွင်  စိုက်ပျိုးထုတ်လုပ်ကြမည့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာမှတောင်သူများနှင့် မိုးစပါးမျိုးစေ့ထုတ်လုပ်ကြမည့် ကျေးရွာများမှ တောင်သူများအား (RS) မိုးစပါးမျိုးစေ့၊ မျိုးသန့်၊ မျိုးပွားများအား တာဝန်ရှိသူတို့မှ  အသီးသီးပေးအပ်ခဲ့ပြီး မျိုးစေ့ထုတ်တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်းနှင့် စိုက်ပျိုးဧက (၁၃၀)အတွက် မျိုးစပါး(၁၃၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)