Pages

Pages

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ



MNP ၊  ဇွန် ၁၅

၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွက်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို   နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၉  နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)၌ကျင်းပပြုလုပ်သည်။

အဆိုပါ နံရံကပ်စောင်နှင့် စာအုပ်ပြပွဲတွင် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမဟာဗျူဟာ(၂)ရပ်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနည်းဗျူဟာ(၃)ရပ်၊ မူးယစ် ဆေးဝါးအသိပညာပေး ကဗျာများ၊ ဆောင်းပါးများ၊ မက်သဒုန်းဆိုင်ရာသိကောင်းစရာများ၊ အစားထိုး ကုသမှုများနှင့် မူးယစ်ဆေးဝါးဆိုင်ရာသိကောင်းစရာအသိပညာပေးစာအုပ်များ၊ သုတ / ရသစာအုပ် စာစောင် ၃၀၀ ခန့်အားပြသခဲ့သည်။

ထို့နောက် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲသို့ လာရောက်ကြည့်ရှုလေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြပွဲ  ဆောင်ရွက်ရသည့်  မူးယစ်ဆေးဝါးဆိုင်ရာသိကောင်းစရာများ၊ ရည်ရွယ်ချက်များနှင့် သံတွဲခရိုင်လူထု အခြေပြုဟိုဌာန( Community Centre)အနေဖြင့် ပြည်သူများအပေါ်ဝန်ဆောင်မှု ဆောင်ရွက် ပေးနေသည့်အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment