Pages

Pages

ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာအနီး ချောင်းရေကျော်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်




MNP - ဇွန်   ၅


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာအနီး ဆင်ပေါင်ဝဲ-မကွေး ကားလမ်းပေါ်ရှိ ရေကျော်တွင် ယမန် နေ့ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းရေကျမှု ဖြစ်ပွားခဲ့ပြီး ကားလမ်းအား ရေကျော်ခဲ့သဖြင့် သွားလာရန် အခက် အခဲဖြစ်ခဲ့ရကြောင်း သိရသည်။


အဆိုပါ ကားလမ်းပေါ် ရေကျော်ခဲ့သည့်နေရာတွင် ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသန်းဌေးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လယ်ကျိုးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသားများက အများပြည်သူ သွားလာရေး အဆင် ပြေစေရန်အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment