Pages

Pages

ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်

 






MNP ၊ ဇွန်    ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၃၀၀ တွင် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးသန့်မျိုးစပါးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲပိုင်းက  မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထောက်ပံပေးအပ်ရာတွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်တို့က မျိုးစပါးများ ထောက်ပံပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားများပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သုဝဏ္ဏဝတီမြို့၊ ကျက္ကော်ကွင်းရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာမှ စိုက်ပျိုးတောင်သူများထံ တစ်ဧကလျှင် တစ်တင်း နှုန်းဖြင့် ဧက ၃၀၀ အတွက် ပေါ်ဆန်းရင် မျိုးသန့်မျိုးစပါး တင်းပေါင်း ၃၀၀ ပေးအပ်ခဲ့ကြသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၃၀၀ မှ မိုးစပါးစိုက် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နဒီ

https://t.me/MyanmarNationalPost


No comments:

Post a Comment