Pages

Pages

အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ(၁၉၂၆၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေးလျက်ရှိ





MNP ၊ ဇွန် ၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အခြေခံပ ညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေးခြင်းကို အခြေခံပ ညာအထက်တန်း ကျောင်းများ၌ ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စတင်ထိုးနှံပေးလျက်ရှိသည်။ 

အမ်းမြို့နယ်တွင်အခြေခံပညာကျောင်းများအတွက် Sinopharm အလုံးရေ(၄၃၂၈)ရရှိပြီး လူဦးရေ(၂၁၆၄၈)ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ပြီး အခြေခံပညာ အထက(၁၁)ကျောင်း၊ အထက(ခွဲ)(၁၁) ကျောင်း၊ အလက (၂၇)ကျောင်း၊ အလက(ခွဲ)(၂၈) ကျောင်း၊ မူလွန် (၃၅)ကျောင်း၊ အမက(၆၅)ကျောင်း၊အမက(ခွဲ)(၄၀) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂) ကျောင်း၊ စုစုပေါင်း(၂၂၀)ကျောင်းမှ  အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ(၁၉၂၆၅)

ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (ပထမ)အကြိမ်ထိုးနှံခြင်းကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ   စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မ တော်သားများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လာရောက်၍ ကျောင်းသားကျောင်းသူများအား အားပေးခဲ့ကြသည်။

 ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင် ၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ တာဝန်ခံ ကျောင်းအုပ် ဆရာ/ဆရာမများ၊  မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ဝင်များက  ပူးပေါင်းပါဝင်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)အကြာအနားယူပြီးမှပြန်ခွင့်ပြုခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment