Pages

Pages

ကလေးမြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းဝန်းအား NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက် မီးရှို့ဖျက်ဆီး


MNP ၊ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေ ခံပညာအထက်တန်းကျောင်းအား NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက မီးပုလင်း ဖြင့် ဝင်ရောက် ပစ်ပေါက် မီးရှို့ခဲ့သဖြင့် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းသို့ ဇွန် ၂ ရက် ည ၁၀ နာရီခန့်တွင် NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက် သမားများက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဒီဇယ်ဆီများထည့်ထားသည့် မီးပုလင်း ဖြင့် ဝင်ရောက် ပစ်ပေါက်မီးရှို့ပြီး ထွက်ပြေး သွားခဲ့ကြောင်း၊ ထိုသို့မီးပုလင်း ပစ်ပေါက် မှုကြောင့် ဆရာ၊ ဆရာမများနေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအဆောက် အဦအား ထိမှန်မီးစွဲလောင်ခဲ့ရာ ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်း မီးငြှိမ်းသတ် ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အဆိုပါ အဆောက်အဦ ထရံများ မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်းသိရှိရသည်။

ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေ ရန်ရည်ရွယ်၍ ဆရာ၊ ဆရာမများ နေထိုင်သည့်အဆောက်အဦအား မီးပုလင်းဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့သည့် NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ် နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း ၍ စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment