Pages

Pages

ကျုံ‌ပျော်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Talk Show ပြုလုပ်

 


MNP - ဇွန်   ၅


ယနေ့ဇွန်လ ၅ ရက်‌နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (Wold Environment Day) 2022 အထိမ်းအမှတ်အဖြစ် အသိပညာ‌ပေး Talk Show ရိုက်ကူးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၁ နာရီ အချိန်က ပြုလုပ်သည်။


ထိုသို့ Talk Show ရိုက်ကူးရာတွင် ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Talk Show ရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး၊ ကျုံပျော်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးကျော်စိုးက ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သတ်မှတ်ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်၊ ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးမှုကြောင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ မျှတမှန်ကန်‌ရန် ဆောင်ရွက်သင့်သည်များ၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုများကို ကာကွယ်နိုင်ရန်သစ်တောသစ်ပင်များ၏ အရေးပါမှုစသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။


ကျုံ‌‌ပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဗဟုသုတတိုးပွားရရှိ‌စေရန် Community Centre ဖွင့်လှစ်၍ ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများနှင့် Talk Show ရိုက်ကူးထုတ်လွှင့်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်၊ စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ် စာစောင်များ ဌားရမ်း‌ဝန်‌ဆောင်မှုပေးခြင်း၊ ကလေးစာဖတ်ခန်းဖွင့်လှစ်၍ စာ‌ပေဖတ်ရှုမှု အလေ့အကျင့်‌ကောင်းရရှိရန် ပျိုးထောင်ပေးခြင်း စသည့်လုပ်ငန်းများကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment