Pages

Pages

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့် ယဉ်ကျေးမှုအသင်း၏ (18' × 45') နှစ်ထပ် RC အသင်းရုံး ဆိုင်းဘုတ်တင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်







MNP - ဇူလိုင်   ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်(၈)လမ်းတွင် ကရင်တိုင်းရင်းသားရေးရာစာပေနှင့်ယဉ်ကျေးမှုအသင်း၏ (18' × 45') နှစ်ထပ် RC အသင်းရုံး ဆိုင်းဘုတ်တင်ဖွင့်လှစ် ခြင်းအခမ်း အနားကို ယနေ့နံနက် ၈နာရီ ၃၀ မိနစ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားအား တက်ရောက်လာသည့်ကရင်တိုင်းရင်းသားများက ကရင်အမျိုးသား သီချင်း သီချင်းသီ ဆို၍ဖွင့်လှစ်ပေးခဲ့သည်။ဆက်လက်ပြီး ကရင်တိုင်းရင်းသားရေးရာစာပေနှင့် ယဉ်ကျေးမှု အသင်း၏ (18' × 45') နှစ်ထပ် RC အသင်းရုံး ဆိုင်းဘုတ်တင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် မြို့နယ်ကရင်တိုင်းရင်းသားရေးရာစာပေနှင့်ယဉ် ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်စိုး တို့မှ မင်္ဂလာအချိန်ကျရောက်သည့်အခါ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကရင် တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန် ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားများကို ပြောကြားခဲ့ရာ အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသား ရေးရာစာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်စိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့၊ အိမ်မဲမြို့နယ် ကျေးရွာဒေသအသီးသီးမှ ကရင်တိုင်းရင်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment