MNP ၊ ဇူလိုင် ၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီဥက္ကဌဘောလုံးပြိုင်ပွဲကို ယမန်နေ့က ကျောင်းအားကစားကွင်း၌ စတင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသများမှ အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီး ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးငွေတိုးအောင်မှ ထူးချွန်သော ဘောလုံးအားကစားသမား ပေါ်ထွန်းလာရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊ ပြည်နယ်အဆင့် ပြိုင်ပွဲများ ယှဉ်ပြိုင်စေရန် မြို့နယ်အဆင့် လက်ရွေးစင် ရွေးချယ်နိုင်ရေးတို့ အတွက် ကျင်းပရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ဌေးနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌတို့မှ အမှာစကားပြောကြားခဲ့သည်။
အဆိုပါကျောင်းကောင်စီဥက္ကဌဘောလုံးပြိုင်ပွဲတွင် အသင်းငါးသင်းမှ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost




No comments:
Post a Comment