နတ်တလင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်တလင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ

 



MNP - ဇူလိုင်  ၂၀


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က နတ်တလင်းမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)၊ နတ်တလင်းသိုလှောင်ရုံဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။


ဦးစွာအခမ်းအနားအား ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသော ဧည့်ပရိတ်သတ်များမှ နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ် ပေးခဲ့ပြီး ဆရာတော်ဥူးဇဋိလထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့နောက် ဆရာတော်ဦးဇဋိလ၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ နတ်တလင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မောင်မောင်အောင်နှင့် တာဝန်ရှိသူများမှ နတ်တလင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဆိုင်းဘုတ်အား အောင်သပြေပန်းခတ်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ နတ်တလင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မောင်မောင်အောင်၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ မြို့နယ်ရဲမှူးများ၊ နတ်တလင်းမြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)