ချင်းရွှေဟော်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းရွှေဟော်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP - ဇူလိုင်   ၁၀


ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများစုပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လမ်းတံတား ဆောင်ရွက်မှုများ၊ မိမိတို့မြို့သည် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့်အတွက် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ၊ ကျန်းမာရေးကဏ္ဍအတွက် မိုးရာသီ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများ အပါအဝင် ဆောင်ရွက်မည့် အစီအစဉ်များ၊ အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမများ နေထိုင်မှုအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များအား  ချပြဆွေးနွေးခဲ့သည်။


ထို့နောက် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ဌာနတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးက ဌာနတစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြန်လည်ဆွေးနွေးခဲ့ပြီး မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ရှိသူထံ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စည်သူမောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)