အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ နေ့ဆွမ်းဆက်ကပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ နေ့ဆွမ်းဆက်ကပ်





MNP ၊ ဇူလိုင် ၁၉

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအားရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းလောင်း အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ (၇၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ရန်ကုန်မြို့တော်ဝန်နှင့် ကော်မတီဝင်များ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။


ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ပါဠိတက္ကသိုလ်ညောင်တုန်း ပရိယတ္တိစာသင်တိုက် စာချနာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင် မဟာဂန္ထဝါစက ပဏ္ဍိတပါဠိတက္ကသိုလ် ညောင်တုန်းပရိယတ္တိစာသင်တိုက် စာချနာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ အနုမောဒနာတရားနာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)