MNP - ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီးကျေးရွာအုပ်စု၊ ဘုရားနီ ကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စု၊ ကျားရဲကျေးရွာအုပ်စု၊ မဏ္ဏိုင်ကျေးရွာ၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီး ကျေးရွာတို့တွင် ဇူလိုင်လ ၉ ရက်၊ ၁၁ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်နေ့များက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျခဲ့သည့် နေအိမ်(၃)လုံး၊ အမိုးလန်ခဲ့သည့် နေအိမ်(၁)လုံးမှ အိမ်ထောင်စုများအား ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က လေဘေးသင့် အိမ်ထောင်စုများကိုယ်စား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ အိမ်ထောင်စုများအတွက် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများက အိမ်ထောင်(၄)စုရှိ လူဦးရေ(၂၀)ဦး အတွက် Surgical Mask(၄၀)ခု၊ ကယ်ဆယ်ရေးပစ္စည်း ၁၇/၁၆ မျိုးပါ (၃)ပုံးတန်ဖိုး (၁၄၅၆၀၈)ကျပ်၊ ဆန်ရိက္ခာ ၇ ရက်စာ ရန်ပုံငွေ(၄၂၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၃၃၀၀၀၀)ကျပ်တို့ကို လက်ရောက် လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment