Pages

Pages

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲများမှ ၂၀၂၂ ခုနှစ်၊ မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေး

 


MNP - ဇူလိုင်   ၁၂


ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲများမှ တောင်သူများ စိုက်ပျိုး ချိန်တွင် အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန်နှင့် လိုအပ်သော စိုက်ပျိုးစရိတ်သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။           စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ သိရသည်။ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် တစ်ဧကမှ ဆယ်ဧကအထိ အများဆုံးထုတ်ချေးပေးလျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်မှ တောင်သူ ၅၂၄၅၉ ဦး၊ စိုက်ဧကပေါင်း ၃၅၆၆၁၉ ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် ၅၃၄၉၂.၈၅  ကျပ်သန်း ထုတ်ချေးပေးပြီး ကျန်ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment