Pages

Pages

မြန်မာ-ရုရှား နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ ကဏ္ဍစုံတွင် အသုံးပြုနိုင်ရေး သဘောတူလက်မှတ်ရေးထိုး




MNP ၊ ဇူလိုင် ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲဝင်များ ရုရှားနိုင်ငံပိုင်အဏုမြူကော်ပိုရေးရှင်း Rosatom StateCorporations သို သွားရောက်၍ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev ဦးဆောင်သည့် အဖွဲဝင်များနှင့်တွေ့ဆုံ၍ နျူကလီးယားစွမ်းအင်နည်းပညာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့်ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ သိပ္ပံနှင့် သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြုဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos”၏ အထွေထွေညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr.Dmitry Rogozin ဦးဆောင်သည့် အဖွဲဝင်များနှင့် တွေ့ဆုံကာ သိပ္ပံနှင့်နည်းပညာ ကဏ္ဍဖွံဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာများကိုး တစ်ဖွဲချင်းစီအလိုက်သီးခြားစီ တွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားနိုင်ငံသမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်နှင့် “Roscosmos”၏ အထွေထွေညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom State Corporations တို့နားလည်မှုစာချွန်လွှာ တစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment