Pages

Pages

အကြမ်းဖက်အားပေး ဗြိတိန်သံအမတ်ကို မြန်မာအစိုးရ နှင်ထုတ်လိုက်ပြီ


MNP ၊ ဇူလိုင် ၁၃

NLD ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူတာဝန်ထမ်းဆောင်ချိန်မှ စ၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်နေသော NLD ပါတီကို အစဉ်တစိုက် အားပေးထောက်ခံနေသည့် ဗြိတိန်သံအမတ်အား ယနေ့ နှင်ထုတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ပီတာဗိုးလ်စ်က "နစက အစိုးရက သူ့ကိုတိုင်းပြည်မှ အတင်းအကြပ် ထွက်သွားစေတဲ့ အတွက် မြန်မာနိုင်ငံမှာ သူ့ရဲ့တာဝန်ထမ်းဆောင်မှုဟာ  စိတ်မကောင်း ဝမ်းနည်းဖွယ် ယနေ့ ရုတ်တရက် အဆုံးသတ်သွားတယ်" လို့ သူ၏ Twitter စာမျက်နှာမှာ တွင် ရေးသားဖော်ပြခဲ့သည်။


အမေရိကန်၊ အင်္ဂလန်(ဗြိတိန်) အပါအဝင် အနောက်အုပ်စု နိုင်ငံများမှ သံအမတ်များသည် NLD ပါတီ၏ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်သည့် လုပ်ရပ်များကို အားပေးထောက်ခံသည့် အကြမ်းဖက်အားပေးနိုင်ငံများအဖြစ် ရပ်တည်ခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရကို ပြည်သူအများက ဆန့်ကျင်လာအောင် လှုံ့ဆော်ရေးသား ထုတ်ပြန်မှုအမျိုးမျိုးကိုလည်း ထုတ်ပြန်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment