Pages

Pages

မောင်တောမြို့ အမှတ်(၃)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်






မောင်တော  ၊  ဇူလိုင် ၁၄

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့ ၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား လူငယ် များ အသိပညာဗဟုသု ရရှိစေရန် အားကစား‌၏အကျိုးကျေးဇူးကို သိရှိစေရန် ရည်ရွယ်၍ အားကစား အသိပညာ ပေး ဟောပြောပွဲကို ယနေ့  နေ့လယ် (၂)နာရီ အချိန် အဆိုပါ ကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ မောင်တောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ရွှေလှိုင်ငြိမ်းက အားကစားပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာနည်းစနစ်များ ၊ဘော်လီဘော ကစားခြင်း ဆိုင်ရာ နည်း စနစ်များ၊ ပြေးခုန် ပစ်ဆိုင်ရာနည်းစနစ်များ၊ စစ်တုရင်ကစားခြင်း နည်း စနစ် များ၊ စားပွဲတင်တင်းနစ် ကစားနည်း စနစ် များအား အသိပညာပေး ဟောပြောကြားခဲ့ပြီး  တာဝန်ရှိသူများက Physical Fitness Dances အက လှုပ်ရှားမှု များဖြင့် လူငယ်များ  ကျန်းမာကြံ့ခိုင်ပြီး ၊ အားကစား လိုက်စားလိုစိတ်ရှိစေရန် ရည်ရွယ်၍ သရုပ်ဖေါ်ကပြခဲ့ ကြကာ အား ကစား ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ အသိပညာ ပေး ဟောပြောပွဲသို့ အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ် ရွှေလှိုင်ငြိမ်း နှင့် ဝန်ထမ်း များ ၊ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ ၊ ဆရာမများ ၊ ကျောင်းသား၊သူများ စုစုပေါင်းအင်အား ၆၀ ခန့် တက်ရောက်ခဲ့ ကြောင်းသိရသည်။  

 

သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment