MNP ၊ ဇူလိုင် ၁၆
ယနေ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်ပြုလုပ်သော ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီဝန်းရံထောက်ခံသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်ဟောင်းများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းအစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး အကြမ်းဖက်သမားများ၏ လုပ်ကြံမှုကြောင့် အသက်ဆုံးရှူံးခဲ့ရသော ပါတီဝင်များနှင့် မိသားစုဝင်များအား အောက်မေ့သတိရသည့်အနေဖြင့် ၂ မိနစ်ငြိမ်သက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီထောက်ခံဝန်းရံသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်ဟောင်းများ၊ အုပ်စုနာယကများနှင့် မြို့မိမြို့ဖများ တက် ရောက်ခဲ့ကြောင်း သိရသည်။
Photo - USDP
https://t.me/MyanmarNationalPost





No comments:
Post a Comment