ဒီနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေက တရားခံ ရှာမရတဲ့ လူသတ်မှုတွေ များပြားနေတဲ့ ဖြစ်စဉ်ပါ။ NLD အစွန်းရောက်တွေက အကြမ်းဖက်သမားဖြစ်ပြီး အပြစ်မဲ့ ရဟန်းသံဃာ၊ ဆရာ/ဆရာမ၊ အရပ်သားပြည်သူတွေကို စိတ်ထင်တိုင်းသတ်နေတယ်။ သတ်တဲ့ တရားခံတွေကို မိတာလည်း အလွန်နည်းတယ်။ ဒီကနေ့ (၄-၇-၂၀၂၂) ရက်နေ့ တစ်ရက်ထဲမှာပဲ ပေါက်မြို့နယ်မှာ ဆရာတော်တစ်ပါး အသတ်ခံရတယ်။ ရန်ကုန်မြို့ပေါ်မှာ အမျိုးသမီး ၂ဦး အသတ်ခံရတယ်။ ကောလင်းမြို့နယ်မှာ ဆရာ၊ ဆရာမ မောင်နှမ ၂ယောက် အသတ်ခံခဲ့ရတယ်။
နေ့စဉ် NLD အစွန်းရောက် အကြမ်းဖက်သမားများတွေဟာ ပျမ်းမျှအားဖြင့် ၅ယောက်နှုန်းအထက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်နေပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလလောက်ကတည်းက နေ့စဉ်နဲ့အမျှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လုပ်ကြံသတ်ဖြတ်တာက စပြီး အပြစ်မဲ့ ပြည်သူတွေကို တက်တူးထိုး၊ ညှည်းပမ်းနှိပ်စက်မှုတွေ လုပ်ဆောင်ရာမှ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ တပ်မတော်အာဏာထိန်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြန်ပြီး ပျမ်းမျှ ချကြည့်ရင်တောင် နေ့စဉ်ရက်ဆက် ၅ယောက်နှုန်းအထက် သတ်ဖြတ်နေခြင်းဖြစ်ပါတယ်။
တပ်မတော်ကလည်း တပ်မတော်ကို ပြောရင် မကြိုက်ဘူး။ မြို့နယ်တွေမှာ တာဝန်ပေးအပ်ထားတဲ့ မြို့နယ်စီမံအုပ်ချုပ်ရေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဘာတွေ လုပ်နေလဲ။ မစုံစမ်းဘူး။ ပြည်သူက တင်ပြရင်လည်း အလေးမထားဘူး။ ကျွန်တော်တို့ ပြောတာကို ယုံကြည်ပါလို့လည်း မတိုက်တွန်းဘူး။ တပ်မတော်သားဟောင်း (ထောက်လှမ်းရေးဟောင်း)တွေ မြို့နယ်တိုင်းမှာ ရှိတယ်။ တပ်မတော်အရာရှိတွေ စလာတုန်းကတော့ ပူးပေါင်းဆောင်ရွက်တော့မှာလိုလို ဘာလိုလိုနဲ့ သတင်းပေးတော့လည်း အလုပ် မလုပ်ဘူး။ ပြီးတော့ ဂွင်ဖန်တယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ထောက်လှမ်းရေးဟောင်း တစ်ယောက်ကတော့ နောက်တစ်ခါ အိမ်မလာခဲ့နဲ့လို့ အပြတ်ပြောထုတ်လိုက်တယ်တဲ့။ သူ့ရပ်ကွက်ထဲမှာလည်း နီပိန်း အကြမ်းဖက်သမားသတ်လို့ သေခဲ့ရတဲ့သူတွေ ရှိနေတယ်။ သတင်းပေးတော့ အလုပ် မလုပ်ဘဲ ရှောင်ပြေးနိုင်အောင် သတင်းပြန်ပေးတယ်။
ထို့အတူပဲ ပြည်ထဲရေးကလည်း ရဲတပ်ဖွဲ့ဝင်တွေကို ပြောရင် မကြိုက်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်ကို မနှိမ်နင်းတဲ့အပြင် အပြစ်မဲ့ ပြည်သူကို အမှုဆင်ပြီး ဒုက္ခပေးခဲ့တာတွေကို ကျွန်တော်တို့ လက်လှမ်းမီသလောက် တင်ပြခဲ့ပါတယ်။ ကျွန်တော်တို့ လက်လှမ်းမီတဲ့ အမှုဖြစ်စဉ်က အနည်းအကျဉ်းပါ။ လက်လှမ်းမမီတဲ့ ကိစ္စတွေ အများကြီး ရှိမှာပါ။ အထင်ရှားဆုံးဗျာ။ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာ မမို့မို့ဝင်းရဲ့ ခင်ပွန်း ကိုကျော်မျိုးသက် ကို ကျောင်းခေါ်ပြီး သတ်လိုက်တဲ့ ဦးစန္ဒိမာနဲ့ နီပိန်း အပေါင်းအပါ လူသတ်သမားများအမှုမှာ ဦးစန္ဒိမာ မိပြီးမှ ပြန်လွှတ်ပေးလိုက်တာ။ နီပိန်းဘုန်းကြီး သိပ်ကို ကြောက်ဖို့ကောင်းပါတယ်။ ကိုကျော်မျိုးသက်ကို ရွာမှာ အေးအေးဆေးဆေးပြန်နေ၊ သူတို့ လုပ်နေတာတွေကို တပ်ကို သတင်းမပို့နဲ့လို့ လေပြေးသွေးခေါ်လို့ ကိုကျော်မျိုးသက်က ဘုန်းကြီးကတော့ ရက်ရက်စက်စက် မလုပ်လောက်ဘူးလို့ ယုံစားပြီး သွားလိုက်မိတာ အသတ်ခံခဲ့ရတာပါပဲ။
တပ်မတော်၊ ပြည်ထဲရေးမှ မဟုတ်ပါဘူး။ NLD အစွန်းရောက်တွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ သူတွေအားလုံး အလေးထားကြဖို့ ကောင်းပြီ။ ကျွန်တော်တို့က စကားစစ်ထိုးနေလို့ ရတဲ့အခြေအနေမဟုတ်တော့ဘူး။ လူမှုကွန်ရက်မှာ ပြည်ပြေးတွေ သတင်းလိမ်၊ သတင်းမှား ဖြန့်ဝေပြီး လှုံ့ဆော်နေတာက တစ်ပိုင်း၊ မြေပြင် အခြေအနေမှာ ဘာသတင်းမှ မသိရတဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေ အကြမ်းဖက်နေတာက တစ်ပိုင်း ခွဲခြားပြီး ကိုင်တွယ်ကြဖို့ တုန့်ပြန်ကြဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အမျိုးသားရေးလှုပ်ရှားသူများ ကို အလေးထားပြီး ပြောလိုခြင်းဖြစ်ပါတယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို တာဝန်ကျေသူတစ်ယောက်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ ကိုယ်နိုင်သလောက်လေး လုပ်ပြီး နေ့စဉ်သေစာရင်းထိုင်တင်နေရတာပါပဲ။
အမျိုးသားရေးထဲကဆိုရင် လှိုင်မြို့နယ်က ကိုကရင် ပထမဆုံး တက်တူးအထိုးခံရတယ်။ ကျွန်တော်တို့ ဘာမှ လုပ်မပေးနိုင်ဘူး။ ကိုကရင်တို့နဲ့တစ်ဖွဲ့တည်းပဲ ကိုကျော်ကြီး အသတ်ခံလိုက်ရတယ်။ မူဆယ်က အမျိုးသားရေးနဲ့ ပရဟိတသမား ကိုဇော်ကြီး အသတ်ခံခဲ့ရတယ်။ ဦးတင့်လွင် သေနတ်နဲ့ အပစ်ခံခဲ့ရတာဆိုရင် တစ်ပတ်တောင် မပြည့်သေးဘူး။ ပြည်ခိုင်ဖြိုးထဲက ဆိုရင် နေ့စဉ် အသတ်ခံနေရတာ ၂၀၀၀ ကျော်လောက် ဖြစ်နေပြီ။ အသတ်ခံရသူ အများစုဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဖြစ်နေတယ်။
ကျွန်တော် ဘယ်သူ့ကိုမှလည်း အပြစ်တင်လိုခြင်း မရှိဘူး။ ဒီနေ့ ဒီအချိန် NLD အစွန်းရောက်တွေ အကြမ်းဖက်နေတဲ့ ကာလမှာ သေပွဲဝင်နေရတာက ရဟန်းသံဃာ၊ ဆရာ/ဆရာမ၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ အမျိုးသားရေးလှုပ်ရှားသူတွေ များတယ်။ သံဃာကို သတ်တော့လည်း ဝမ်းနည်းပက်လက် ဖြစ်ကျန်ခဲ့ရတာပဲ။ ဆရာ/ဆရာမ အသတ်ခံရတော့လည်း ဝမ်းနည်းပက်လက်နဲ့ နေကြရတာပဲ။ ဒီလိုပဲ နေ့စဉ် ၅ယောက် အသတ်ခံရ၊ ၆ယောက် အသတ်ခံရတဲ့ သေစာရင်းကို ထိုင်ပြီး ရှုနေမယ့်အစား NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် သံဃာတော်များ၊ ဆရာ/ဆရာမများ၊ ပြည်သူများ ဘယ်သူမှ မသေရအောင် ကာကွယ်မယ့် နည်းလမ်း မစဉ်းစားကြတော့ဘူးလား။
ဒီလိုပြောပြန်ရင်လည်း လက်နက်ရှိတာက တပ်မတော်နဲ့ ရဲမှာပဲ ရှိတာ။ NLD အစွန်းရောက်တွေရဲ့ လက်ထဲမှာက အမေရိကန်ထုတ်၊ တူရကီနိုင်ငံထုတ်၊ ထိုင်းငံထုတ် သေနတ်မျိုးစုံရှိတယ်။ လက်ဗလာနဲ့ ဘယ်လို ကာကွယ်မှာလဲ။ လက်နက်ရှိတဲ့ ပုဂ္ဂိုလ်တွေက လက်နက်ကိုင်ပြီး အကြမ်းဖက်နေတဲ့ ပြည်သူအရေခြုံထားတဲ့ NLD အစွန်းရောက်တွေကို ညှာတာတယ်။ စာနာတယ်။ အောက်ခြေမှာတော့ အဂတိလိုက်စားတယ်ဗျာ။ ခင်ဗျားတို့ ကျွန်တော်တို့ တိုက်တွန်းလို့လည်း မနှိမ်နင်းဘူး။ ခင်ဗျားပြောသလိုလည်း မလုပ်ဘူး။ ကျွန်တော်တင်ပြလို့လည်း မယုံကြည်ဘူး။ အဲဒါဆိုရင် ဘာမှမတတ်နိုင်ဘူးဆိုပြီး ဒီအတိုင်းပဲ သတ်ဖြတ်နေတာတွေကို လက်ပိုက်ကြည့်နေရတော့မှာလား။ တပ်မတော်ဖြစ်စေ၊ ရဲဖြစ်စေ တိုင်လို့ မရဘူး။ တင်ပြလို့ မရဘူးဆိုတာ တစ်နှစ်ကျော်ကြာ ကာလ ကျွန်တော်တို့ က လည်ဆင်းခံပြီး သူတို့ဘာလုပ်မလဲ ကြည့်နေကြတာလေ။ ဘာမှ မလုပ်ဘူး။ ဥပဒေတွေ မရှိလို့လည်း မဟုတ်ဘူး။ နည်းလမ်းတွေ မသိလို့လည်း မဟုတ်ဘူး။ ကျွန်တော်တို့ထက် သိတဲ့သူတွေ၊ တတ်တဲ့သူတွေချည်းပဲ။ မင်းပြောတိုင်း လုပ်ရမှာလား၊ လုပ်ချင်မှ လုပ်မယ်ကွာလို့ ပေါ်တင်ချဲတဲ့ သူတောင် ရှိသေးတာပဲဗျာ။
သိပ်မကြာသေးဘူး။ ဇွန်လကုန်ရက်က ကျွန်လှမြို့နယ် ထဲမှာ PDF တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရမယ့် ပုဂ္ဂိုလ်တစ်ဦး ထွက်ပြေးလွတ်မြောက်လာတာ ရှိတယ်။ ကျွန်တော်လည်း ဗီဒီယိုမှတ်တမ်း လှမ်းတောင်းတာ မရဘူး။ သူက ကန့်ဘလူမြို့နယ်၊ တောက်ကရှက်ကျေးရွာသား။ သူ့အမျိုးသမီးက ကျွန်းလှသူ ဖြစ်လို့ ကျွန်းလှမှာ နေရင်း PDF တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့သူ ဖြစ်တယ်။ သူ့ကို PDF က ဖမ်းဆီးရခြင်း အကြောင်းရင်းက အဲဒီ အကိုဟာ တပ်မတော်စစ်ကြောင်းများကို ကျွန်းလှ မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ မိုင်းထောင်ထားတဲ့ လမ်းတွေကို မသွားမိအောင် လမ်းပြအဖြစ် ဆောင်ရွက်ပေးခဲ့ဖူးတယ်။ နောက်တစ်ချက်က သူ့ရဲ့ အိမ်မှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြက္ခဒိန် ချိတ်ဆွဲထားတာ ကိုအကြောင်းပြုပြီး ထိုးကြိတ်ရိုက်နှက် ပြီးမှ KIA, PDF ပူးပေါင်းပြီး စခန်းချနေတဲ့ ရွာက စာသင်ကျောင်းကို ဖမ်းဆီးသွားကြတာ။ စာသင်ကျောင်းထဲမှာ ထိပ်တုံးခတ်ထားကြတယ်။ PDF တစ်ယောက်က ပစ်သတ်မယ်လုပ်တော့ အခြား PDF တွေက ကိုယ့်လက်ခုပ်ထဲကရေပဲ။ ဓားနဲ့ သတ်သတ်၊ ကြိုးနဲ့ သတ်သတ် ရတယ်တဲ့။ ကျည်ဆံမဖြုန်းနဲ့ဆိုပြီး ထားတယ်။ ညမှာ မသတ်ဘဲ နောက်နေ့ နံနက် ၇နာရီမှ သတ်မယ်ဆိုပြီး ကျောင်းထဲမှာ ထိပ်တုံးခတ်ပြီး ထားတယ်။ အဲဒီအစ်ကိုဟာ ထိပ်တုံးကို သူ့နည်းသူ့ဟန်နဲ့ဖြုတ် ညကြီးမိုးချုပ် ခြေဦးတည့်ရာ ပြေးရင်း လွတ်ခဲ့ရတယ်။ လမ်းမှာ ရေဆာလို့ ရေဝင်းတောင်းသောက်တော့လည်း PDF တဲ ဖြစ်နေပြန်ရော။ တခါ အဲဒီက PDF တွေရဲ့ လက်ကနေ လွတ်အောင် ပြေးရပြန်ရော။ နောက်ဆုံး သူ့ဇာတိ တောက်ကရှက်ရွာနားအထိ ပြေးလာနိုင်လို့ အသက်ဘေးက လွတ်ခဲ့တယ်ပေါ့ဗျာ။ သေရွာပြန်လို့ ပြောရင်လည်း မမှားဘူး။ ငါ ဘာမှ မတတ်နိုင်တော့ပါဘူးလို့ စိတ်ကို ဒုန်းဒုန်းချပြီး နေလိုက်မယ်၊ လွတ်မြောက်ဖို့ သူအားမထုတ်ဘူးဆိုရင် အဲဒီအစ်ကို တောက်ကရှက်ရွာကို ပြန်ရောက်မလာနိုင်ဘူး။ ကျွန်းလှမြို့နယ်ကနေ ကန့်ဘလူမြို့နယ်ထဲ အထိ ၅ ရက်လောက် PDF အကြမ်းဖက်သမားတွေကို ရှောင်ကွင်းပြီးပြေးလာနိုင်လို့ လွတ်လာခြင်း ဖြစ်ပါတယ်။
စာလည်း အရမ်းရှည်မှာ စိုးလို့ အဆင်ပြေလောက်မယ့် နည်းလမ်းလေးပေါ့ဗျာ။ ပြည်ခိုင်ဖြိုးပါတီက အင်အားကောင်းပါတယ်။ အမျိုးသားရေးမှာလည်း အထိုက်အလျှောက် အင်အားရှိပါတယ်။ လက်တစ်ဆုပ်စာ ရှိရင်တောင် လက်တစ်ဆုပ်စာ အမျိုးသားရေးက ထိထိရောက်ရောက် လုပ်နိုင်တာလည်း ရှိပါတယ်။ ဒီအချိန်မှာတော့ဗျာ မြို့တိုင်း နယ်တိုင်းမှာရှိတဲ့ ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားရေးဟာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတာ ပိုကောင်းတယ်။ အခု အသတ်ခံနေရတဲ့ ဖြစ်စဉ်တွေမှာ သံဃာတော်၊ ဆရာ/ဆရာမ၊ ပြည်ခိုင်ဖြိုး၊ အမျိုးသားရေးလှုပ်ရှားသူ ဆိုတော့ NLD အစွန်းရောက်တွေရဲ့ ပစ်မှတ်က အမျိုးသားရေးစည်းကို စနစ်တကျ ဖျက်ဆီးနေခြင်း ဖြစ်တဲ့အတွက် အမျိုးသားရေးရည်မှန်းချက် တူညီတဲ့ ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ စနစ်တကျ ပေါင်းစည်းရမယ်။
ပြည်သူ့စစ်ဆိုတာလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း ကသာ ပြည်သူပူးပေါင်းပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးလို့ သတင်းစာ ရှင်းလင်းပွဲတွေကနေ အကြိမ်ကြိမ်ပြောနေတာပါ။ အောက်ခြေမှာက ပြည်သူ့စစ်ဖွဲ့စည်းနိုင်ဖို့ ကိုယ့်ရွာ၊ ကိုယ့်ရပ်ကွက်ကို ပြည်သူပူးပေါင်းပါဝင်တဲ့ ကာကွယ်ရေးစနစ်နဲ့ ကာကွယ်တဲ့နည်းကိုလည်း ဖော်ဆောင်ပေးခြင်း မရှိပါဘူး။ ရန်ကုန်မြို့ပေါ် လစ်ရင် လစ်သလို သတ်နေတုန်းပဲဗျာ။ စစ်ကိုင်းတိုင်းဒေသကြီး စကားထဲကို ထည့်ပြောမနေနဲ့တော့။
ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားရေးလှုပ်ရှားသူများ ပူးပေါင်းလိုက်ရင် ရန်ကုန်မြို့အနေအထားကို အခြေခံပြီးတော့ပဲ ပြောပါမယ်။ ရပ်ကွက်တိုင်းမှာ ပြည်ခိုင်ဖြိုးရှိတယ်။ အမျိုးသားရေးလှုပ်ရှားသူတွေမှာလည်း သူ့စုရပ်နဲ့သူ ရှိတယ်။ ပူးပေါင်းချိတ်ဆက် ထားကြမယ်။ အဲဒီမှာ ကိုယ့်ရပ်ကွက်အတွင်းက နီပိန်းတွေရဲ့ လှုပ်ရှားမှုတွေကို ပြည်ခိုင်ဖြိုးပါတီဝင်များက အကဲခတ်မယ်။ လေ့လာစောင့်ကြည့်မယ်။ နီပိန်းအကြမ်းဖက်သမားကတော့ သူတို့ လုပ်ကြံသတ်ဖြတ်ချင်တဲ့ သူကို စောင့်ကြည့်ပြီး အလစ်ချောင်းလုပ်တာနော်။ ဒါကို သတိပြုမိကြပါလိမ့်မယ်။ ဆိုရရင် ကိုယ့်ရပ်ကွက်ထဲမှာ ရှိနေတဲ့ နီပိန်းတစ်ကောင် သို့မဟုတ် နီပိန်းအုပ်စုရဲ့ လှုပ်ရှားမှုက မရိုးသားဘူးဆိုရင် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားရေး စုဖွဲ့ထားတဲ့ အဖွဲ့အစည်းကို သတင်းပေးမယ်။ အစုအဖွဲ့က မရိုးသားတဲ့ နီပိန်းကောင် (သို့) နီပိန်းအုပ်စုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သမရမယ်။ မှတ်လောက် သားလောက် ဖြစ်အောင် ဆုံးမပေးလိုက်ရမယ်။ အကြမ်းဖက်လိုစိတ် ရှိနေရင် အကြမ်းဖက်လိုစိတ် ကင်းပျောက် သွားအောင်အထိ သမပေးရမယ်။ အဲဒီလို မသင်္ကာတဲ့သူကို တပ်ကိုမတိုင်နဲ့။ အလုပ် လုပ်မပေးဘူး။ ရဲကို မတိုင်နဲ့။ ပိုဆိုးတယ်။ ဟိုကောင် ပြစ်မှုကျူးလွန်ထားခြင်း မရှိသ၍ သူတို့ ဘာမှ လုပ်မရဘူးလို့ ပြောလိမ့်မယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ဆုံးမကြဖို့၊ လမ်းမှန်ပေါ် ရောက်အောင် သူတို့ခေါင်းထဲမှာ ရှိနေတဲ့ အစွန်းရောက် အကြမ်းဖက်လိုစိတ်တွေ ပျောက်ပျက်သွားအောင် မြင်းထိန်းသည်က သူ့မြင်းများကို ချော့တစ်မျိုး၊ ခြောက်တစ်မျိုး၊ ခပ်ကြမ်းကြမ်းနည်းတစ်မျိုး ဆုံးမသလို နီပိန်း အစွန်းရောက်ဝါဒစွဲ ကြီးရင် ကြီးသလို ခပ်ကြမ်းကြမ်းဆုံးမပေးတဲ့ နည်းကိုတော့ ကျွန်တော် စဉ်းစားမိတယ်။ သိပ်ပြီး အကျယ်ချဲ့ မရေးချင်းဘူး။
ဒီကိစ္စမှာ သူတို့လို လက်နက်မရှိတာတွေ ဘာတွေ စဉ်းစားမနေနဲ့။ ကိုယ်က သူတို့နဲ့ ပြိုင်မိုက်မှာ မဟုတ်ဘူး။ လိုက်ပြီး လုပ်ကြံသတ်ဖြတ်မှာလည်း မဟုတ်ဘူး။ အသိတရားရအောင် ဆုံးမပေးဖို့လောက်ပဲ ရည်ရွယ်တာ ဖြစ်တဲ့အတွက် လမ်းဘေးက တုတ်လောက်နဲ့ ဆုံးမလို့ ရပါတယ်။ ဒါကတော့ ကျွန်တော့်စဉ်းစားမိတဲ့ အချက်ပါ။ နီပိန်းအကြမ်းဖက်တွေထဲမှာ ဘာသာခြားတွေ ပါနေတယ်။ ဒါကို အထူးသတိပြုပြီး ကိုင်တွယ်ရမယ်။
တစ်နှစ်ကျော်ပြီ NLD အစွန်းရောက် အကြမ်းဖက်သမားတွေက အပြစ်မဲ့ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ အမျိုးသားရေး၊ ကြားနေပြည်သူ ဘယ်သူ့ကိုမဆို လုပ်ကြံသတ်ဖြတ်တယ်။ သူတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေက ဘုန်းကြီးကို သတ်လည်း ဒလန်မို့လို့ သတ်တယ်။ ပျူစောထီးမို့ သတ်တယ်လို့ သတင်းထုတ်ပြန်တယ်။ ဆရာ/ ဆရာမတွေကို သတ်ပြီးရင် CDM မလုပ်လို့ သတ်တယ်။ ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေကို သတ်ပြီးရင် စစ်ခွေးမို့လို့ သတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ကြတယ်။ သူတို့ ဒီလိုသတ်နေခြင်းဟာလည်း အကြမ်းဖက်ခြင်းမဟုတ်ဘဲ စစ်တပ်ရဲ့ ဒေါက်တိုင်တွေမို့လို့ သတ်တယ်လို့ ဆိုကြပြန်တယ်။ သူတို့မှာ လုံးဝ အပြစ်ကင်းစင်နေတဲ့ သဘောဖြစ်ပါတယ်။
ဆိုတော့ ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားရေးက မဖြစ်မနေ ပေါင်းစဉ်းဆောင်ရွက်ကြရမယ်။ နီပိန်း အစွန်းရောက် အကြမ်းဖက်တွေကို ဆုံးမကြရမယ်။ ကျွန်တော်တို့က ခေါင်းစဉ်တွေ အများကြီး တပ်ဖို့ မလိုပါဘူး။ ပြည်ပြေး၊ တိုင်းတပါးသြဇာခံ ကိုယ့်ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းလွန်းတဲ့ ခွေးနွားလေးတွေ အသိတရားရလာအောင် ဆုံးမခြင်းမျိုးပဲ ဖြစ်သင့်ပါတယ်။ အစွန်းရောက် အကြမ်းဖက်လိုတဲ့ နီပိန်းလေးတွေကို ဖမ်းဆီးရမယ်။ ကိုယ့်အင်အား ၁၀ယောက်လောက်နဲ့ နီပိန်း ၁ကောင် သို့မဟုတ် နီပိန်းတစ်အုပ်စု မိတယ်ဆိုရင် ဖမ်းဆီးနိုင်တဲ့ သူတွေက တစ်ယောက်ကို ၁၀ ချက်လောက် လူဆယ်ယောက် ဆိုတော့ အချက် ၁၀၀ လောက် ရိုက်ပြီးတော့ မင်းကိုဘာလို့ ရိုက်လဲ မေးရမယ်။ အဖမ်းခံရတဲ့ နီပိန်းက ခွေးနွားဖြစ်နေလို့ ရိုက်တယ် လို့ ဖြေရမယ်။ နောက်တစ်ခါ ခွေးနွား လို လုပ်အုံးမလားလို့ မေးရမယ်။ မလုပ်တော့ပါဘူးလို့ အဖြေရတဲ့အထိ ဆုံးမပေးလိုက်ရင် ရပါပြီ။ နီပိန်းလေးတွေက သူတို့ကို သူတို့ ခွေးနွားဖြစ်လို့ ဖြစ်မှန်းမသိသေးတာကို သိအောင် ချော့ပြောလို့ မရတဲ့အတွက် ခြောက်ပြောတဲ့ နည်းနဲ့ အသိတရား ပုံမှန်ပြန်ဖြစ်အောင် ဆောင်ရွက်သင့်တယ်လို့ အကြံပြုခြင်း ဖြစ်ပါတယ်။
ကျွန်တော် စဉ်းစားနေတာ။ တိုင်းပြည်မှာ ဒီလိုအခြေအနေ ဖြစ်နေတာ ဘယ်သူ့မှာ တာဝန်ရှိလဲလို့ မေးခွန်းထုတ်ရင် ဘယ်သူ့မှာမှ တာဝန်မရှိဘူးဆိုတဲ့ အဖြေက ထွက်နေတယ်။ သတ်တဲ့ကောင်ကလည်း သတ်ခွင့်ရလို့ သတ်တယ်။ သေနေရတဲ့ သူတွေကလည်း အတိတ်က ဝဋ်ကြွေးတွေပါလို့ သတ်ဖြတ်ခြင်းခံရပြီး သေနေရတယ်လို့ စဉ်းစားကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက် ဒီလိုလည်း စဉ်းစားမိပါတယ်။ ဒါက ဘာသာရေးရှုထောင်ပေါ့ဗျာ။ ဘာသာရေးရှုထောင့်က ပြောရင်တော့ဗျာ နီပိန်းတွေအနေနဲ့ လိုက်ပြီး လုပ်ကြံသတ်ဖြတ်နေစရာ မလိုပါဘူး။ သတ္တဝါရယ်လို့ ဖြစ်လာရင် သေမျိုးတွေချည်းပါပဲ။ သေကြမှာပါ။ မသတ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်တာပါ။ မေတ္တာရပ်ခံလို့လည်း မရပါဘူး။ ခွေးနွားများက လက်နက်မဲ့ ရဟန်းရှင်လူပြည်သူကို လိုက်သတ်ပြီး တော်လှန်ရေးလို့ ကြုံးဝါးနေကြသေးတာ။ ဒီလိုပဲ သတ်သမျှ အသေခံနေရမယ်၊ လူသတ်ကောင်တွေကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိဘူး။ ဘာသာတရားနဲ့ပဲ ဖြေသိမ့်နေရမယ် ဆိုရင် တိုင်းပြည်မှာ အုပ်ချုပ်သူဆိုတာ လိုမှာ မဟုတ်ဘူး။ တိရစ္ဆာန်တွေလိုပဲ ကြီးနိုင်ငယ်ညှဉ်း၊ လက်နက်ရှိတဲ့ကောင်က မရှိတဲ့ကောင်ကို သတ်၊ အနိုင်ကျင့် ဗိုလ်ကျ၊ သေတဲ့သူလည်း သေ မင်းမဲ့ တိုင်းပြည်လို ဖြစ်နေမှာပေါ့။
ဒီနေ့ ဒီအချိန်က စပြီးတော့ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ချင်တော့ဘူးဗျာ။ အပြစ်ပြောလည်း မောတာပဲ ရှိတယ်။ ကျွန်တော် သစ္စာဆိုမယ်။ တပါတည်း ကျိန်စာတိုက်မယ်။
(ကျွန်တော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရကို တပ်မတော်၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်များ ပူးပေါင်းဖွဲ့စည်းထားခြင်းကြောင့် အပြည့်အဝ ထောက်ခံခဲ့ပါတယ်။ တည်ငြိမ်အေးချမ်း၍အတွက် မိမိတတ်စွမ်းသည့် နယ်ပယ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။)
ဤသစ္စာစကား မှန်ကန်ပါက တိုင်းပြည်တည်ငြိမ်အေးချမ်းပါစေ။ မြန်မာနိုင်ငံသူ နိုင်ငံသားများ လိုလားတောင်းတသော ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေ။
ဤသစ္စာစကား မမှန်ကန်ခဲ့ပါက ကျွန်တော်သည် ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေးတွေ့ပါစေ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အ နားမကြား ပိုလီယိုရောဂါစွဲကပ်ပါစေ။
ထို့အတူ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသူများ၊ တည်ငြိမ်အေးချမ်းရေးကို အလိုရှိကြကုန်သော ပြည်သူများသည် ကောင်းကျိုးလိုရာ ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေသူများသည် ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေးတွေ့ပါစေ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အ နားမကြား ပိုလီယိုရောဂါစွဲကပ်ပါစေ။
မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပြီး ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်အောင် ဖန်တီးနေသော တိုင်းပြည်များသည် တူသောအကျိုး ပေးပါစေ။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေကြသော ပြည်ပြေး ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ ပြည်ဖျက် မီဒီယာများမှ အကြမ်းဖက်လှုံ့ဆော်သူများသည် ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေးတွေ့ပါစေ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အ နားမကြား ပိုလီယိုရောဂါစွဲကပ်ပါစေ။
တိုင်းတပါးနိုင်ငံများ၊ အဖွဲ့အစည်းများ၊ ပြည်ပြေးကိုယ်ကျိုးရှာနိုင်ငံရေးသမားများနှင့် ပြည်ဖျက်မီဒီယာများက သွေးထိုးလှုံ့ဆော်သည့်အတိုင်း ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်နေသော PDF နှင့် အပေါင်းအပါ အကြမ်းဖက်အဖွဲ့များ၊ အကြမ်းဖက်သမားများသည် ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေးတွေ့ပါစေ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အ နားမကြား ပိုလီယိုရောဂါစွဲကပ်ပါစေ။
မြန်မာပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ပြည်သူအချင်း လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသူ မှန်သမျှ ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေးတွေ့ပါစေ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စွန့်အ နားမကြား ပိုလီယိုရောဂါစွဲကပ်ပါစေ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment