မောင်တောမြို့နယ် တက်ချောင်းဝအနီး ပင်လယ်ပြင်၌ တရားမဝင် သစ်မှောင်ခိုလှေတစ်စီးအား ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့နယ် တက်ချောင်းဝအနီး ပင်လယ်ပြင်၌ တရားမဝင် သစ်မှောင်ခိုလှေတစ်စီးအား ဖမ်းဆီးရမိ




MNP ၊ ဇူလိုင်  ၂၁

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် တက်ချောင်းဝအနီး ပင်လယ်ပြင်၌ သစ်(၂၅)တန်ခန့် တင်ဆောင် လာသော တရားမဝင် သစ်မှောင်ခိုလှေတစ်စီးအား  ဇူလိုင် ၂၀ ရက် (၀၃:၄၀)နာရီအချိန်ခန့်က ဖမ်းဆီး ရမိခဲ့ ကြောင်း သိရသည်။  

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  ငါးမန်းလှေတစ်စီး ၊ ဖိုက်ဘာလှေ တစ်စီးတို့ဖြင့် တိုက်ကင်းလှည့် တာဝန် ထမ်း ဆောင်နေစဉ် တက်ချောင်းဝအနီး ပင်လယ်ပြင်အနီးအရောက်တွင်  မသင်္ကာဖွယ် လှေ ၁ တစ်စီးအား တွေ့ရှိ၍ အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ  အနောက်မြောက်ဘက်သို့ ခုတ်မောင်း ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ   တက်ချောင်းဝအနီး နှစ်နိုင်ငံရေပိုင်နက်အနီး၌ စက်လှေပေါ်ပါလာသူ ၄ ဦးတို့သည့် ရေထဲခုန်ချက ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နက်အတွင်းသို့ ရေကူး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်နေ ခဲ့သည် လှေအားစစ်ဆေးရာ  တရားမဝင်သစ်များ သယ်ဆောင်လာသော သစ် မှောင် ခိုလှေ (အလျား ၆၀ ပေ ၊ အနံ ၁၅ ပေ ၊ ရေစူး ၄ ပေခန့်) သစ်သားကိုယ်ထည် ၊ HINO-HOIC  (၆)လုံးထိုး ၊ HP-2861  (ဂီယာ ဘောက်စ် နှင့် တွဲ လျက်)  သစ်မှောင်ခိုလှေ ၁ စီးနှင့်အတူ ကညင်သစ်ဘေတုံး ဆိုဒ်စုံ(၃၀) တန်ခန့် (ခန့်မှန်း နှင့်အတူ) တရားခံမဲ့ ဖမ်းဆီးရမိခဲ့သဖြင့် မြို့နယ်သစ်တောဦးစီးဌာနသို့ အပ်နှံကာ သက်ဆိုင်ရာ တွင်အမှုဖွင့်အရေး ယူနိုင် ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)