Pages

Pages

ဝါဆိုလပြည့်နေ့ အခါသမယတွင် အောင်ဓမ္မဗိမာန်ဓမ္မာရုံကြီးရှေ့ အောင်စေတီဘုရားရင်ပြင်၌ အာရုံဆွမ်းလောင်းလှူပွဲ ကျင်းပ







MNP ၊ ဇူလိုင် ၁၂    

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၌အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ မြို့မဂေါပကအဖွဲ့မှ ကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့အခါသမယတွင်အာရုံဆွမ်းလောင်းလှူပွဲကို နံနက် ၅ နာရီက အောင်ဓမ္မဗိမာန်ဓမ္မာရုံကြီးရှေ့ အောင်စေတီဘုရားရင်ပြင်၌ ကျင်းပသည်။   

ထိုသို့ အာရုံဆွမ်းလောင်း လှူဒါန်းရာ ရမ်းဗြဲမြို့ပေါ်ရှိ စာသင်တိုက်များနှင့်ကျောင်းတိုက်အသီသီးမှ သံဃာတော်များကြွရောက်ကြပြီး မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြပြီး အာရုံဆွမ်းလောင်းလှူရာတွင် ငါး ဟင်းလျာများထည့်ဝင်လှူဒါန်းနိုင်ရည်ရွယ်လျက် မြို့မဂေါပကအဖွဲ့မှ အလှူခံဌာနဖွင့်လှစ်ထားရှိရာ  အာရုံဆွမ်းလောင်းလှူရန် ရောက်ရှိလာကြသူများကလည်း  မိမိတို့တတ်အားသမျှ ထည့်ဝင်လှူဒါန်းကြသည်။


အဆိုပါ အာရုံဆွမ်းလောင်းလှူပွဲကို ဝါတွင်းကာလပတ်လုံး ဥပုသ်နေ့တိုင်းလှူဒါန်းနိုင်ရန် မြို့မဂေါပကအဖွဲ့မှ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment