Pages

Pages

တိုင်းဒေသကြီးအဆင့် မြို့နယ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် ကော့သောင်းမြို့ပြေးခုန်ပစ်အဖွဲ့အား ကြိုဆိုဂုဏ်ပြု










MNP - ဇူလိုင်   ၁၄


တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကော့သောင်းမြို့နယ် ပြေးခုန်ပစ်အဖွဲ့အားကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံး၊ ပညာဂုဏ်ရည်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် ဆုရအားကစားသမားတစ်ဦးချင်း မိတ်ဆက်ကြပြီး ကော့သောင်းမြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။


၎င်းနောက် ပြေးခုန်ပစ်အဖွဲ့အုပ်ချုပ်သူမှ ပြိုင်ပွဲအတွေ့အကြုံများကိုရှင်းလင်းပြောကြားပြီး ကော့သောင်းခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အောင်ပွဲရအားကစားသမားများအတွက် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment