Pages

Pages

ကမမောင်းမြို့၌ ကျောင်းကောင်စီအသင်းဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

 



MNP -ဇူလိုင်   ၁၉


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီအသင်းဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၁၉)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည်။


အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းကောင်စီအသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲနေ့တွင် ကျန်စစ်သားအသင်းနှင့် အလောင်းဘုရားအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား ဇူလိုင်လ(၂၅)ရက်နေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းကို ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာချိုထံက သိရသည်။


သတင်း - တင်တင်လှ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment