Pages

Pages

ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ မျက်စိအခမဲ့စစ်ဆေးပေးပြီး မျက်မှန်အခမဲ့လှူဒါန်း





MNP ၊ ဇူလိုင် ၁၁

မွန်ပြည်နယ်၊ပြည်သူ့ကျန်းမားရေးဉီးစီးဌာန၏ ဦးဆောင်မှုဖြင့် မရှိ၍မလင်း သူမရှိစေရ အစီအစဉ်ဖြင့် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ  မျက်စိဝေဒ နာရှင်များကို အခမဲ့စစ်ဆေးပေးခဲ့သည်။

ယင်းသို့ စစ်ဆေးမှုအား မွန်ပြည်နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ "မရှိ၍မလင်းသူမရှိစေရ "ဆောင်ပုဒ်နှင့်အညီ  Good Vision Glasses. ရွှေမျက် မှန်ပရဟိတ  အသင်းတို့ ပူးပေါင်းပြီး အခမဲ့ မျက်စိပါဝါ  စမ်းသပ်ပေးကာ  One Dollar Glasses.  မျက်မှန်များအား  မိုးရာသီလှူဒါန်းမှုအဖြစ်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါမျက်စိအခမဲ့ စမ်းသပ်ပေးမှုအား ယနေ့ဇူလိုင်  (၁၁)  ရက်နေ့ထိ စစ်ဆေး ပေးခဲ့ရာ  မျက်စိစစ်ဆေးမှုအခြေအနေလာရောက် စစ်ဆေးသူ(၃၄၀) ဉီးရှိပြီး မျက်မှန်တပ်ဆင်ရသူ (၃၃၈ ) ဉီးနှင့် အတွင်းတိမ် (၁၃) ဦးအားစစ်ဆေး တွေ့ ရှိရ၍ အတွင်းတိမ်ရောဂါရှိသူများကို  အခမဲ့ ခွဲစိတ်ကုသပေးရန်အတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

                 

သတင်း - ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment